နေပြည်တော် ဇွန် ၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန် ၁ ရက်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းဘေးရှိ ရပ်ကွက်များ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ပြည်သူများသည် ရေဝင်ရောက်မှုမရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်း များ၌ ခေတ္တတည်းခို နေထိုင်လျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်း သော စားသောက်ဖွယ်ရာများသည် ယနေ့မွန်းလွဲပိုင်း တွင် နယ်မြေခံလေတပ်စခန်းဌာနချုပ်သို့ တပ်မတော် လေယာဉ်ဖြင့်ရောက်ရှိလာပြီး ရေဘေးသင့်ပြည်သူ များထံသို့ အချိန်မီလှူဒါန်းနိုင်ရေး သယ်ယူပို့ဆောင် နေမှုအား ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် ရာဇာထွန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါစားသောက်ဖွယ်ရာများကို ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် တည်းခိုလျက်ရှိသည့် ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းသည်။ (ယာပုံ)
အလားတူ ပူတာအိုမြို့တွင်လည်း အဆိုပါ စားသောက်ဖွယ်ရာများကို ကချင်ပြည်နယ် ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ပူတာအိုဒေသ ရေဘေးသင့် ပြည်သူများကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်