မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများသည် ဆည်ရေသောက် ဒေသတွင်ရှိသည့်အတွက် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ် သော ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။
ခရမ်းချဉ်သီး စိုက်ပျိုးရာတွင် မျိုးစေ့ကို ဘောင်ဖြင့် ပျိုးထောင်ပြီး နှစ်လသားကျော် အရွယ်တွင် မြေချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုး ပြီး နှစ်လခန့်အကြာတွင် အသီး များ စတင်ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်သီးနှံကို ၂-၃ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး သက်တမ်း အားဖြင့် သုံးလခန့် ခူးဆွတ်ရ ကြောင်း၊ တစ်ဧကလျှင် ခရမ်းချဉ် သီးပိဿာချိန် ၂၂၅၀-၂၃၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ဒေသတွင်းရောင်းချမှုအပြင် ကျောက်ဆည်နှင့် မန္တလေးမြို့တို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ခရမ်းချဉ်သီးဈေးနှုန်း ကောင်းမွန်သောကြောင့် တောင်သူ များ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
DOCA (မန္တလေး)