မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ တိုင်ထောင်ပဲ (ခေါ်) ပဲတောင့် ရှည်သီးနှံများကို တစ်နိုင် တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

 

ပဲတောင့်ရှည်ကို စိုက်ပျိုးပြီး တစ်လကျော် ခန့်အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချရကြောင်း၊ အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင်စသည့် မျိုးများကို တန်းကြား သုံးပေခန့်၊ ပင်ကြား တစ်ပေခန့် အကွာအဝေး ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်လေးသိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် ၃၀၀-၃၅၀ ခန့် ထွက်ရှိကြောင်း၊ သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် တိုင်ထောင်ပဲ (ခေါ်) ပဲတောင့်ရှည်ကို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစား များမှတစ်ဆင့် ကျောက်ဆည်နှင့် မန္တလေးမြို့ရှိကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ တိုင်ထောင်ပဲ (ခေါ်) ပဲတောင့်ရှည်ဈေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း ပဲတောင့်ရှည် စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)