ရန်ကုန် ဇွန် ၅

 

တရုတ် - မြန်မာ အစိုးရမဟုတ် သောအဖွဲ့အစည်းများ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင် ခြင်း (၇၅)နှစ်မြောက်ကို လှိုက်လှိုက် လှဲလှဲဂုဏ်ပြုခြင်းနှင့် ယဉ်ကျေးမှု ဆွေးနွေးပွဲ နိုင်ငံတကာနေ့ အထိမ်း အမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းကရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ Hotel Ru Yi ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mrs. Ma Jia၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေး ရှင်းဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်း နု၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာ နိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်း ကျော်၊ မြန်မာနိုင်ငံဂီတအစည်း အရုံးဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဦးဖိုးချစ်တို့က အမှာစကားများ ပြောကြား ကြသည်။

 

ထို့နောက် နှစ်နိုင်ငံမှ အနု ပညာအဖွဲ့များက ယဉ်ကျေးမှုအနု ပညာများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။ ဆက်လက်၍ CITIC Star ဇာတ်လမ်းတိုပြိုင်ပွဲ၏ ဆုရ လက်ရာများကို ပြသပြီး ယင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ကြပြီး တရုတ်-မြန်မာ သီချင်းများ ပေါင်းစပ်ဖျော်ဖြေမှု ဒဏ္ဍာရီပုံပြင် အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြောင်း သိရသည်။

တင်စိုး(မြန်မာ့အလင်း)