အော့တဝါ ဇွန်  ၅

အွန်တေရီယိုမြောက်ပိုင်းနှင့်  ပယ်ရီ​ဒေသတို့တွင်    လောင်နေသည့်  တောမီးမှ   ထွက်ပေါ်လာသည့်     မီးခိုးငွေ့များကြောင့် ကနေဒါနိုင်ငံရှိ အဓိကမြို့ကြီးများဖြစ်သည့်  တိုရွန်တိုနှင့် အော့တဝါတို့တွင်       မြူများအုံ့ဆိုင်းမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသဆိုင်ရာမီဒီယာများက ဇွန် ၄ ရက်တွင် ဖော်ပြထားသည်။

အွန်တေရီယိုမြောက်ပိုင်းရှိ လူများသည် လာမည့်ရက်အနည်းငယ်အတွင်း မီးခိုးမြူများနှင့် အုံ့ဆိုင်း နေသည့်  ကောင်းကင်နှင့် အနီရောင်သန်းနေသည့် နေဝင်နေထွက်ချိန်များကို နှစ်ရက်ကြာ ကြုံတွေ့ နိုင်သည်ဟု    စီတီဗွီနယူးတွင် ဖော်ပြထားသည်။

တောမီးနှင့် မီးခိုးငွေ့များကို လေ့လာနေသည့်  ဖိုင်းယားစမုတ်ခ် အဖွဲ့က ဇွန် ၅  ရက်အထိ  တိုရွန်တို ဧရိယာတွင် တောမီးမှ ထွက်လာသည့်     မီးခိုးငွေ့များ ဆက်လက်ရှိနေဦးမည်ဟု ခန့်မှန်းထားသည်။

တောမီးမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များသည် ဇွန်  ၅ ရက်  မွန်းလွဲပိုင်းအထိ အော့တဝါတွင် ဆက်လက်ရှိနေဦးမည်ဟု စီတီဗွီနယူးစ်တွင် ဖော်ပြထားသည်။

ဆင်ဟွာ