နေပြည်တော် ဇွန် ၅
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သောတပန်ရပ်ကွက်ရှိ သကျမီတာ သီလရှင်စာသင် တိုက်၊နန်းဦးမြို့သစ် သမိုင်းဝင်ရွှေကြက်တောင် စေတီ၊ သောတပန်ရပ်ကွက် ရွှေဟင်္သာကျောင်းတိုက်နှင့် ခေမာသီဝံချောင်ကျောင်းတိုက်များ၌ သာသနိက အဆောက်အအုံများ မိုးမကျမီဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်ကိုများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရွာထောင်ရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ဒီဇယ်ရှိ စာသင်ကျောင်းဆောင် နှစ်ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး စာသင်ကျောင်းဆောင် နှစ်ဆောင်နှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ကာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာ ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ၍ ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် မှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြပြီး ပြန်လည်ပြုပြင်ထားသည့် ကျောင်းဆောင် များကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ စစ်ကိုင်းတောင်ရှိ ငလျင်ဘေးဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ ပြန်လည်တည်ဆောက်ရာအတွက် လျာထားမြေနေရာပေးရန် ရွာထောင် ရပ်ကွက်ရှိ မြေနေရာအချို့အား တာဝန်ရှိသူများနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် စစ်ကိုင်းမြို့ စီတီးရပ်ကွက် ရာဇမဏိစူဠာကောင်းမှုတော်စေတီအတွင်း ငလျင်ဘေးဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက် အအုံများအား တပ်မတော်သားများက ပြန်လည် ပြုပြင်မွမ်းမံခြင်းနှင့် ဖယ်ရှားရှင်းလင်းနေမှုများကို လည်းကောင်း၊ ကျောက်ဆစ်ရပ်ကွက် ငလျင်ဘေး ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နည်းပညာ တက္ကသိုလ် (စစ်ကိုင်း) ကျောင်းဆောင်အတွင်းရှိ ကျောင်းသုံးပစ္စည်းများ သယ်ယူရွှေ့ပြောင်းပေးနေမှု ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပြည်လုံး ချမ်းသာရပ်ကွက်၊ မေဃဂီရိရပ်ကွက်၊မဟာဇေယျာ ဘုံရပ်ကွက်နှင့် အနှိပ်တော်ရပ်ကွက်တို့ရှိ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တ အန္တရာယ်ရှိ လူနေ လှေကားဝဲ/ယာရှိ နိက အဆောက်အအုံများတွင် ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဖြိုချပြီးအပျက်အစီးများ အပြီးသတ် ရှင်းလင်းနေမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် မဟာအောင်မြေမြို့နယ် မဟာ မြိုင်(၁)ရပ်ကွက်နှင့် စိန်ပန်းရပ်ကွက်တို့ရှိ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေ အဆောက်အအုံများတွင် ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဖြိုချပြီး အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ အမရပူရမြို့နယ် နတ်ရေကန်မြို့နယ် နတ်ရေကန် ကျေးရွာအုပ်စု ရှားတောလေးကျေးရွာရှိ စွယ်တော် မြတ်စေတီတော်သို့သွားရောက်၍ စေတီတော် ပတ်ဝန်းကျင်နှင့် ဗောဓိငါးထောင်နန္ဒဝန် ဥယျာဉ် တော်အတွင်း အဖွဲ့အစည်းအသီးသီးမှ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား ရင်ပြင်တော်ရှိ ကျောက်ပြားများ ပြန်လည်ပြုပြင် ဆောင်ရွက်နေသည့် အခြေအနေများကိုလည်း ကောင်း၊ အက်ကွဲသွားသော ဂန္ဓကုဋိတိုက် အောက်ခြေရှိ မကန်းရုပ်အောက်ခြေ နေရာ အက်ကွဲကြောင်းအတွင်း အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ(PE) အဖွဲ့များ၏ စစ်ဆေးချက်အရ သဲများလောင်းထည့်ပြုပြင်နေမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ စေတီတော်၏ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များရှိရတနာပစ္စည်းတော် များအား စနစ်တကျ မှတ်တမ်း ပြုစုထားရှိရေးမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် ရပ်ကွက်ရှိ မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် အနန္တဂုဏ်ရည်ငါးထပ်ဓမ္မဗိမာန်တော်ကြီး၏ ခေါင်းမိုးများနှင့် အမိုးကိုင်းမျက်နှာကြက်များ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကိုလည်း ကောင်း၊ ကေ ကျော ကျောင်းအတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော မဟာလောကထွဋ်ခေါင်စေတီ တော်အား ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည် ကြည့်ရ ှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများ သည် ကျောက်ဆည်မြို့ မင်းရဲဆည်အတွင်း၌ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များနှင့် Kyaukse Rescue (လူမှုကယ်ဆယ်ရေးအဖွဲ့)မှ သဘာဝဘေး အန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Speed Boat မောင်းနှင်လေ့ကျင့်မှုနှင့် ရေပြင်အသက် ကယ်ဆယ်ရေး လုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်နေ မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝ ဘေးအန္တရာယ် များအတွက် မြေပြင်၌ အမှန်တကယ် လက်တွေ့အသုံးချနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မှာကြားခဲ့ကာ လေ့ကျင့် ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျောက်ဆည်မြို့ ရွာနိုင်ရပ်ကွက်ရှိရွှေကျီးနားကျောင်းတိုက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ဆောက် လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု ခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်၍ စဉ့်ကိုင်မြို့နယ်ရှိ ဘောဂဗလပလတ် စတစ်ဘူးခွံစက်ရုံ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် စက်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှု အခြေအနေများကိုလည်းကောင်း၊ ကျောက်ဆည် မြို့အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများနှင့် လူနေအ နအဆောက်အအုံများ ပြန်လည်ပြုပြင်တည် ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေ များကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်