ဇွန် ၆
သီရိလင်္ကာနိုင်ငံတွင် မေလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၄၂ ဦးရှိကြောင်း အမျိုးသားအဆင့်သွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်ရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လကသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၆၆ ဦးနှင့် ဧပြီလကသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၁၆၆ ဦးရှိရာ လွန်ခဲ့သောသုံးလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေမြင့်တက်လာသည်ကို ထိုထုတ်ပြန်ချက်တွင် ညွှန်ပြထားသည်။
ယခုနှစ်ပထမငါးလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၇၄၄ ဦးရှိကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါအများဆုံးဖြစ်ပွားသောနေရာများမှာ ကိုလံဘို၊ ဂမ်ပါဟာ၊ ရတ်နာပူရာနှင့် ဘတ်တီကာလိုရာခရိုင်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်အစပိုင်းမှလက်ရှိအချိန်အထိ သွေးလွန်ုတုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၃ ဦးရှိသည်။
မုတ်သုံမိုးရွာသွန်းမှုနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် မြင့်တက်လာဖွယ်ရှိသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို