ဇွန် ၆

တူနီးရှားနိုင်ငံတွင် ယခုနှစ်ပထမငါးလအတွင်း ခရီးသွားဉီးရေ ၃ ဒသမ ၄ သန်း ဝင်ရောက်မှုရှိကြောင်း ခရီးသွားလုပ်ငန်းရုံး၏အကြီးအကဲဖြစ်သူက ယမန်နေ့ကပြောကြားသည်။

၂၀၂၅ ခုနှစ်အတွင်း ခရီးသွား ၁၁ သန်း လာရောက်လည်ပတ်ရန်မျှော်မှန်းထားကြောင်း  ထိုရုံး၏ညွှန်ကြားရေးမှူးချုပ်၏ပြောကြားချက်ကိုကိုးကားပြီး Mosaique FM ကဖော်ပြထားသည်။

တူနီးရှားနိုင်ငံသည် နိုင်ငံ၏ဟိုတယ်ကဏ္ဍဝန်ဆောင်မှုအရည်အသွေးတိုးတက်လာသဖြင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် မှန်ကန်သောလမ်းကြောင်းပေါ်တွင်ရှိနေသည်ဟု ၎င်းကဆိုသည်။

၂၀၂၄ ခုနှစ်က ခရီးသွားလုပ်ငန်းမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၄ ဘီလီယံရရှိပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံခန့်ရရှိရန်မျှော်မှန်းထားသည်ဟု ထိုတာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို