ညောင်ရွှေ ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင် ရွှေမြို့နယ် မိုင်းပျိုးကျေးရွာအုပ်စု မိုင်းပျိုးကျေးရွာ၊ သလဲဦးကျေးရွာ နှင့် ကျေးထက်ကျေးရွာတို့ရှိသမဝါယမအသင်းသား တောင်သူများအား မိုးစပါးစိုက်ဧက လျာထားချက် ပြည့်မီစေရေးနှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်စေရေးအတွက် မိုးစပါးစိုက် သမဝါယမ အသင်းသား တောင်သူများအနေဖြင့် စပါးမျိုးကောင်းမျိုးသန့် အထွက်တိုး စပါးစိုက်ပျိုးစေရန်နှင့် သွင်းအားစု မြေဩဇာ၊ ပိုးသတ်ဆေးထောက်ပံ့ ပေးအပ်မည့် အစီအစဉ်များကို ကျေးထက်ကျေးရွာ စာကြည့်တိုက်ခန်းမ၌ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိက ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌက ပံ့ပိုးမည့်အခြေ အနေများကို ရှင်းလင်းပြောကြားပြီး ဂရိတ်ဝေါကုမ္ပဏီမှ တာဝန်ရှိသူက GW-11 နှင့် GW-18 မျိုးကောင်း မျိုးသန့် အထွက်တိုးစပါး စိုက်ပျိုးနိုင်ရေး မိတ်ဆက်ရှင်းလင်းကာ စမ်းသပ်စံပြစိုက် ဧက သုံးဧကအတွက် GW-11 မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ မြို့နယ်သမ ဝါယမဦးစီးဌာန ဦးစီးအရာရှိက သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းတွင် သင်တန်းသားရရှိစေရေး အမှုဆောင်များ၊ သမဝါယမ အသင်း ဝန်ထမ်းများနှင့် အသင်းသားများမှတစ်ဆင့် အသိပေးသိရှိစေရေးစည်းရုံးဆောင်ရွက်ကြရန် မှာကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်