လွိုင်ကော် ဇွန် ၈
ကယားပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် လွိုင်ကော်မြို့ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ကျွန်း၊ ခရေ၊ စိန်ပန်း နီနှင့် စိန်ပန်းပြာစသည့် ပျိုးပင် များကို ပညာရေးဌာန၊ သူနာပြု နှင့် နှင့် သားဖွားသင်တန်းကျောင်းနှင့် ဒေသခံပြည်သူများထံ ဖြန့်ဝေပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာ၌ ရတနာတန်းဝင် ကျွန်းပင်ကို စတင်စိုက်ပျိုးပေး ပြီး (ယာပုံ) တက်ရောက်လာကြ သူများက သတ်မှတ်နေရာများတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခါတော်မီ၊ ခရေ၊ ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ဆီသပြေ၊ သပြေဘူတ စသည့် သစ်မျိုး ၁၁ မျိုး ပျိုးပင်ပေါင်း ၂၅၀၀ ကို အမျိုးသားရေးလှုပ်ရှား မှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေ မှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့ပြင် ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့၊ ပြည်သူလူထုများ၊ ကျေးရွာထင်းစိုက်ခင်းနှင့် လမ်းဘေး ဝဲယာ များတွင် စိုက်ပျိုးနိုင်ရန် ပျိုးပင် ၅၀၀၀၀ ကို ယခုနှစ်တွင် ပျိုးထောင်ထားပြီး သက်ဆိုင်ရာ များသို့ ဆက်လက်ဖြန့်ဝေစိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)