မော်လမြိုင် ဇွန် ၈
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီက ကြီးမှူးကျင်းပသည့် လုပ်ငန်းခွင်အသုံးချ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၆ ရက်က မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ပွဲရုံတန်း မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကာ ကလေး အလုပ်သမားများကို ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရရှိမှု မြှင့်တင်ပေးခြင်း၊ လူငယ်များ အလုပ်အကိုင်ရရှိရေး အလေးထား ဆောင်ရွက် ပေးခြင်း၊ ဘေးကင်းလုံခြုံသည့် ရွှေ့ပြောင်း လုပ်ကိုင်မှုဖြစ်စေခြင်းတို့ကို မူဝါဒများ ချမှတ် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ဒုတိယ ငါးနှစ်(၂၀၂၄-၂၀၂၈)ကို အကောင်အထည်ဖော် ကဲ ဆောင်ရွကလျက် ဆောင်ရွက်လျက် ရှိကြောင်း၊ သက်မွေးသင်တန်းများ တက်ရောက် ပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ ရရှိလာနိုင်မည် ဖြစ်ကာ လုပ်ငန်းခွင်အသုံးချကွန်ပျူတာ အခြေခံသင်တန်းသို့ တက်ရောက်သည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ယူ တတ်မြောက်သည့် ပညာရပ်များကို လက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထားရသော အရည်အချင်း ပြည့်ဝသည့် ကျွမ်းကျင်လုပ်သားများ ဖြစ်စေလို ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများ ခင်းကျင်း ပြထားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ လုပ်ငန်းခွင်အသုံးချကွန်ပျူတာ အခြေခံ သင်တန်းကို သင်တန်းသား သင်တန်းသူ ၂၀ ဖြင့် သင်တန်းကာလ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)