နယူးယောက်  ဇွန်  ၈

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်သည် ၎င်းနှင့် ဘီလျှံနာသူဌေးကြီး အီလွန်မက်စ်တို့၏ ဆက်ဆံရေးကို ပြင်ဆင်သွားရန်    စိတ်ကူးမရှိဟု  ဇွန် ၇ ရက်က ပြောကြားခဲ့သည်။

လူမှုကွန်ရက်မီဒီယာပေါ်တွင် နှစ်ဦးသား အပြန်အလှန်တိုက်ခိုက်မှုများ  ပြုလုပ်ခဲ့ပြီးနောက်  ၎င်းတို့ နှစ်ဦး၏  ဆက်ဆံရေးမှာ ပြီးဆုံးသွားခဲ့ပြီဟု ဖော်ပြခဲ့သည်။  အင်န်ဘီစီ နယူးစ်နှင့် ဖုန်းအင်တာဗျူး၌ ထရမ့်က အီလွန်မက်စ်နှင့် မကြာမီ  စကားပြောရန်   အစီအစဉ်မရှိကြောင်း၊  အခြားကိစ္စများ လုပ်ကိုင်နေရသည့်အတွက် အလုပ်များနေကြောင်း     ပြောကြားခဲ့သည်။

တက်စလာနှင့် SpaceX ကုမ္ပဏီတို့၏ စီအီးအိုဖြစ်သော အီလွန်မက်စ်နှင့် ဆက်ဆံရေး ပြီးဆုံးသွားပြီ လားဟု ထရမ့်ကို မေးမြန်းရာ  ထရမ့်က  ဟုတ်မှန်ကြောင်းဖြေကြားခဲ့ပြီး အီလွန်မက်စ်က သမ္မတရုံးကို မထီမဲ့မြင်ပြုလုပ်သည်ဟု စွပ်စွဲခဲ့သည်။ 

အခွန်ဆိုင်ရာနှင့် အစိုးရအသုံးစရိတ်ဆိုင်ရာ အဆိုမူကြမ်း  (One Big Beautiful Bill )  ကို ဆန့်ကျင် မည့် ဒီမိုကရက်တစ်အမတ်များကို  မက်စ်က ဘဏ္ဍာရေးထောက်ပံ့ပါက   ကြီးမားသည့် အကျိုးဆက် ကို  ခံစားရမည်ဟု ထရမ့်က အင်တာဗျူးတွင် ပြောသည်။   မည်သည့်အကျိုးဆက်ဖြစ်ကြောင်းကိုမူ  ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။    

ထရမ့်နှင့် အီလွန်မက်စ်တို့ကြား ရန်ပွဲမှာ One Big Beautiful Bill  အဆိုမူကြမ်းမှ  စတင်ခဲ့ခြင်း ဖြစ်သည်။                      

ဆင်ဟွာ