မန်စီးတီးအသင်းသည် ဝုဖ်အသင်းမှ ဘယ်ခံစစ်ကစားသမား အိသ်နော်ရီကို ပေါင် ၃၁ သန်းဖြင့် အပြီးသတ်ခေါ်ယူရန် နီးစပ်လာပြီ ဖြစ်သည်။
မန်စီးတီးအသင်းသည် ကလပ်ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်တွင် အဆိုပါကစားသမားကို ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် ဇွန် ၁၀ ရက်မတိုင်မီ အပြောင်းအရွှေ့ကို အဆုံးသတ်ရန် လိုအပ်သည်။ အသက် ၂၄ နှစ်အရွယ် အယ်ဂျီးရီးယားကစားသမားသည် နည်းပြဂွါဒီယိုလာ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ထိပ်တန်းဦးစားပေး ကစားများထဲမှ တစ်ဦးဖြစ်သည်။
နော်ရီသည် ၂၀၂၁ ခုနှစ်တွင် အိန်းဂျားအသင်းမှ ပေါင် ၁၄ ဒသမ ၉ သန်းဖြင့် ဝုဖ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် မက်သီးယပ်စ်ကွန်ညာ မန်ယူအသင်းသို့ ပြောင်းရွှေ့ ရောက်ရှိပြီးနောက် ဝုဖ်အသင်းမှ ထွက်ခွာသည့် ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။
မန်စီးတီးအသင်းသည် အေစီမီလန်အသင်းမှ ကွင်းလယ်ကစားသမား ရွိုင်ဂျင်ဒါစ်ကို ပေါင် ၄၆ ဒသမ ၃ သန်းဖြင့် ခေါ်ယူရန်သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
အောင်ဇော်