ဇွန် ၉
မလေးရှားနိုင်ငံ ပီရတ်ပြည်နယ် အရှေ့-အနောက် အဝေးပြေးလမ်းပေါ်တွင် ယနေ့မနက်အစောပိုင်းက ကျောင်းသားများတင်ဆောင်လာသောဘတ်စ်ကားတစ်စီးသည် ဘက်စုံသုံးမော်တော်ယာဉ်ဖြင့်တိုက်မိခဲ့ရာ လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားသည်။
အဆိုပါယာဉ်တိုက်မှုသည် ဒေသစံတော်ချိန် မနက် ၁ နာရီ ၁၀ မိနစ်ကဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ၄၈ ဦးအနက် ၁၃ ဦးသည် ထိုနေရာမှာပင်သေဆုံးခဲ့သည်ဟု အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးသည် ဆေးရုံပေါ်တွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးသူများ၏မိသားစုဝင်များအား ဝမ်းနည်းကြောင်းပြောကြားပြီး ယင်းမိသားစုဝင်များအတွက် သင့်လျော်သောကူညီမှုများပေးရန် အဆင့်မြင့်ပညာရေး ဝန်ကြီးဌာနအား ညွှန်ကြားထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို