နေပြည်တော် ဇွန် ၉

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း၌ သင်တန်းသားအိပ်ဆောင်များ စနစ်တကျထားရှိမှု၊ ကွန်ပျူတာခန်းမ နှင့် စာသင်ဆောင်များတွင် သင်ကြားပို့ချနေမှုအခြေအနေနှင့် သစ်တောကျောင်းဝင်းအတွင်း သာယာ လှပရေး ဆောင်ရွက်ထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၄ မျိုးဖြင့် ပျိုးပင် ၁၄၁၀၀၀ ကျော် ပျိုးထောင်ထားရှိမှု၊ ဆေးဖက်ဝင်ဂမုန်းမျိုးစိတ် ၂၀ နှင့် မြန်မာ့ရှားပါး သစ်ခွမျိုးစိတ် ၆၀ ထိန်းသိမ်းစောင့်ရှောက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်မြို့နှင့် ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေး၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး၊ ရေဝေရေလဲဒေသများ ထိန်းသိမ်း စောင့်ရှောက်ရေး၊ ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် သွားရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်