ရန်ကုန်   ဇွန်   ၉

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၅   အာဆီယံ   အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ  အုပ်စုမဲခွဲပွဲကို ဇွန် ၉ ရက်ကပြုလုပ်ရာ  မြန်မာအသင်း  အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သည်။

မြန်မာအသင်းသည် လက်ရှိ ချန်ပီယံ ဖိလစ်ပိုင်၊ အာရှထိပ်သီးအဆင့်ရှိ   သြစတြေးလျအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေခြင်းဖြစ်ပြီး  ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် ယင်းအသင်းများကို ကျော်ဖြတ်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို  သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး     အသင်းစုစုပေါင်း  ရှစ်သင်း    ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အုပ်စုခွဲဝေမှုအရ အုပ်စု (က) တွင်  အိမ်ရှင်ဗီယက်နမ်၊  ထိုင်း၊ အင်ဒိုနီးရှား၊    ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဖိလစ်ပိုင်၊ မြန်မာ၊  သြစတြေးလျနှင့် တီမောအသင်းတို့ ကျရောက် နေသည်။

မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ်  သြဂုတ် ၇ ရက်တွင် သြစတြေးလျအသင်း၊ သြဂုတ် ၁၀ ရက်တွင် တီမောအသင်း၊ သြဂုတ် ၁၃ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ  အုပ်စုပွဲများကို သြဂုတ် ၆ ရက်မှ ၁၃ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁၆ ရက်၊  ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို သြဂုတ် ၁၉ ရက် တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၀၄  ခုနှစ်တွင် စတင်ကျင်းပသည့်   ယင်းပြိုင်ပွဲ တစ်လျှောက် ချန်ပီယံဆုနှစ်ကြိမ်၊ ဒုတိယ သုံးကြိမ်၊ တတိယ သုံးကြိမ်ရရှိထားပြီး နောက်ဆုံးကျင်းပ သည့်    ၂၀၂၂ ပြိုင်ပွဲတွင် တတိယဆုရရှိထားသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် သည် ၂၀၂၃ နှင့်  ၂၀၂၄ ခုနှစ်တွင် ပြိုင်ပွဲမကျင်းပဘဲ ယခုနှစ်မှ ပြန်လည် ကျင်းပခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ၂၀၀၄ ခုနှစ်နှင့်  ၂၀၀၇ ခုနှစ်တို့တွင် ချန်ပီယံ ဆုရရှိပြီးနောက် နှစ်ပေါင်း ၂၀ နီးပါး ချန်ပီယံဆုနှင့် ဝေးကွာလျက်ရှိသည်။

ကိုညီလေး

ဓာတ်ပုံ-VFF