ဇွန် ၁၀

ဂါဇာကမ်းမြောင်ဒေသတွင် အမေရိကန်ဉီးဆောင်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းဖြန့်ဖြူးရေးလုပ်ဆောင်မှု စတင်ပြီး သီတင်းပတ်နှစ်ပတ်အကြာကာလအတွင်း လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာအာဏာပိုင်များကဆိုသည်။

အစ္စရေးသည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုကန့်သတ်တားမြစ်ထားပြီး ၎င်း၏စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိရာ စားရေရိက္ခာဆိုးရွားစွာပြတ်လပ်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

အမေရိကန်ကျောထောက်နောက်ခံပေးထားသည့် ဂါဇာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းသည် လွန်ခဲ့သောလနှောင်းပိုင်းက စားရေရိက္ခာများစတင်ဖြန့်ဖြူးပေးခဲ့သည်။ ဒေသခံများအား စားရေရိက္ခာ ၁၀ သန်းကျော် ပေးဝေပြီးဖြစ်သည်ဟု ထိုဖောင်ဒေးရှင်းကဆိုသည်။

အစ္စရေးတပ်ဖွဲ့များက စားရေရိက္ခာဖြန့်ဖြူးရေးနေရာအနီးတစ်ဝိုက်ရှိ လူအုပ်ကိုပစ်ခတ်ခဲ့ရာ လူအများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးကြောင်း ဖော်ပြထားသည်။

သီတင်းပတ်နှစ်ပတ်အတွင်း အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို