ဇွန် ၁၀

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၅၀၀၀ ကျော်ရှိလာကြောင်း အမျိုးသားအဆင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ယမန်နေ့က ပြောကြားသည်။

အဆိုပါကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၅၀၅၅ ဦးရှိပြီး ယင်းရောဂါဖြင့်ဆက်စပ်သေဆုံးသူ ၁၃ ဦး ရှိသည်ဟု  ၎င်းဌာနတာဝန်ရှိသူတစ်ဦးကဆိုသည်။

ထိုရောဂါဖြစ်ပွားမှု၏ ၅၀ ရာခိုင်နှုန်းကျော်သည် နိုင်ငံအတွင်းရှိ လူဦးရေအထူထပ်ဆုံးဒေသဖြစ်သော အနောက်ပိုင်းပြည်နယ်မှဖြစ်သည်ဟု သိရသည်။

ခြင်ပေါက်ဖွားရာနေရာများကို ရှင်းလင်းရန်နှင့် နံနက်ပိုင်းနှင့်ညနေပိုင်းအချိန်များအတွင်း ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကြရန် ပြည်သူများအားတိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို