တိုကျို   ဇွန်   ၁၀

ရာသီအလိုက်    မိုးရွာသွန်းခြင်းနှင့်   မိုးတိမ်တောင်ဖြစ်ထွန်းခြင်းများကြောင့်  ဂျပန်နိုင်ငံ  အနောက် တောင်ပိုင်း၌  ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် မိုးရွာသွန်းခဲ့သည်။ ကျူရှုမြောက်ပိုင်းမှ ရှီကိုကုဒေသ အနီးအထိရှိသည့် အဆိုပါ မိုးရွာသွန်းခြင်းရပ်ဝန်းများသို့ ပူနွေးစိုစွတ်သည့် လေထုများ စီးဝင်နေသော ကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်  လေထုမတည်ငြိမ်မှုများ  ဖြစ်စေသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားလိုက်သည်။

နံနက် ၁၁ နာရီအထိ တစ်နာရီအတွင်း မိုးရွာသွန်းမှုသည် ကူမာမိုတိုခရိုင် အမာကူဆာမြို့တွင် ၃၈ မီလီမီတာ၊ အိုအီတာခရိုင် ကူဆုမြို့တွင် ၃၄ မီလီမီတာအထိ  ရှိခဲ့သည်။ ယခင် မိုးရွာသွန်းမှုများတွင် ဖူကူအိုကာ ခရိုင်များအတွင်း မြေပြိုမှုအန္တရာယ်ကို  သိသိသာသာ တိုးမြင့်လာသောကြောင့် မိုးလေဝသတာဝန်ရှိသူများက အချို့နေရာများတွင် သတိပေးချက်များကို ထုတ်ပြန်ခဲ့သည်။

မိုးရွာသွန်းသည့်  ရပ်ဝန်းများသည် ကျူရှုဒေသအနီးတွင်   ဇွန် ၁၁ ရက်အထိ ဆက်လက်ရှိနေမည်ဟု မိုးလေဝသအရာရှိများက ခန့်မှန်းထားသည်။ ထို့ကြောင့် မြေပြိုခြင်းနှင့်  မြေနိမ့်ဒေသများတွင်  မြစ်ချောင်း ရေလျှံခြင်းနှင့်  ရေကြီးခြင်းများကိုသတိပြုရန် ဒေသခံများကို မိုးလေဝသအေဂျင်စီက အကြံပြုထားသည်။

မိုးရွာသွန်းမှုနှင့်    တိမ်ထူထပ်သည့်အခြေအနေများ လာမည့် ခုနစ်ရက်အထိ ဆက်လက်တည်ရှိ နေနိုင်သည့်အတွက် အဆိုပါ‌ဒေသများတွင်  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ‌ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်မည်ဟု  မိုးလေဝသအေဂျင်စီက     ဇွန်   ၁၀  ရက်တွင်   ထုတ်ပြန်ကြေညာခဲ့သည်။

အင်န်အိတ်ချ်ကေ