တိုကျို   ဇွန်   ၁၀

ဂျပန်အစိုးရသည် နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းအလွန် နန်ကိုင်းထရော့သ်တွင် ဖြစ်ပေါ်လာနိုင်သော ကြီးမားပြင်းထန်သည့် ငလျင်ဘေးအန္တရာယ်ကြောင့် သေဆုံးသူအရေအတွက်နှင့် အဆောက်အအုံ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို  လျှော့ချရေးနှင့်ပတ်သက်ပြီး ပန်းတိုင်များ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

အစိုးရက ၂၀၁၄   ခုနှစ်တွင် ဘေးအန္တရာယ်လျော့ပါးရေး  ပန်းတိုင်များချမှတ်ခဲ့ရာ   ယင်းပန်းတိုင်များ တွင်  သေဆုံးသူအရေအတွက်ကို ၈၀ ရာခိုင်နှုန်းခန့်နှင့်   အဆောက်အအုံထိခိုက်ပျက်စီးမှုကို  ၅၀ ရာခိုင်နှုန်းခန့် လျှော့ချရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော်လည်း  ယခုနှစ် မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုခန့်မှန်းချက်အသစ်အရ အဆိုးရွားဆုံးအခြေအနေတွင် လူပေါင်း ၂၉၈၀၀၀ သေဆုံးနိုင်ပြီး     အဆောက်အအုံပေါင်း ၂ ဒသမ ၃၅ သန်း ပျက်စီးဆုံးရှုံးနိုင်သည်ဟု   ဖော်ပြ ထားသည်။  ယင်းကိန်းဂဏန်းများမှာ  ဘေးအန္တရာယ်လျော့ပါးရေး ပန်းတိုင်များနှင့်     ကိုက်ညီမှုမရှိ သေးကြောင်း သိရသည်။ 

အင်န်အိတ်ချ်ကေ