မော်လမြိုင် ဇွန် ၁၁
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင် မြို့ ညောင်ပင်ဆိပ်ရပ်ကွက်ရှိမော်လမြိုင်စက်မှုဇုန်သို့ သွား ရောက်ပြီး စက်မှုဇုန်လုပ်ငန်းရှင် များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် စက်မှုဇုန်များ၏ အဓိက လိုအပ်ချက်ဖြစ်သည့် ရေရရှိရေးကို ဆောင်ရွက်ပြီးဖြစ် သကဲ့သို့ လျှပ်စစ်မီးပိုမိုရရှိနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ MSME စီးပွားရေး လုပ်ငန်းအပါအဝင် အခြေခံလိုအပ် ချက်ဖြစ်သည့် နည်းပညာ၊ ငွေကြေး အရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာ လိုအပ် ချက်တို့ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိမည့် ကုန်ထုတ် လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများကို ပြည်တွင်းထွက် ကုန်ကြမ်းများကို အသုံးပြုပြီး ပြည်ပသွင်းကုန်များ အစားထိုး ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် မော်လမြိုင် စက်မှု ဇုန်စီမံခန့်ခွဲရေး ကော်မတီတာဝန် ရှိသူက စက်မှုဇုန်ဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ များက အကြံပြု ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ထူးစက်မှုလက်မှုလုပ်ငန်းတွင်Centerless Grinding Machine CNC Lathe Machine ၊ Hobbing Machine စက်ကြီးများဖြင့် ကားအင်ဂျင်ပိုင်း နှင့်ပတ်သက်သည့် စက်ပစ္စည်း များထုတ်လုပ်နေမှု၊ လယ်ယာသုံး စက်ကိရိယာ ကောက်စိုက်စက်၊ Drum seeder ထုတ်လုပ်မှု၊ ဆက်လက်၍ Green Box သစ် အခြေပြု အသေးစား လူသုံးကုန် ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း (value added) ရော်ဘာသစ်မှ (end product) မီးဖိုချောင်သုံး ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း၊ နိုင်ငံခြား သွင်းကုန်အစားထိုးပလတ် စတစ်ရေတိုင်ကီ ရေခဲပုံး လုပ်ငန်း များကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် ကျောက် တန်းစက်မှုနယ်မြေသို့ သွားရောက် ပြီး Betel World Co.,ltd. ကွမ်းသီး ကမ္ဘာကုမ္ပဏီလီမိတက်၏ ကွမ်းသီးစိမ်းမှ ကွမ်းသီးပြုတ်၊ ကွမ်းသီး ခြောက် ထုတ်လုပ်မှုလုပ်ငန်းမှ ပြည်ပပို့ကုန် ကွမ်းသီးယိုထုတ်လုပ် မှုစက်ရုံ၊ ပြည်နယ်သားစတား စားသောက်ကုန်လုပ်ငန်း ပဲပြား စက်ရုံ၊ ပြည့်စုံ အလူမီနီယံ၊ လိပ်တံခါး၊ ဆီလီကွန်နှင့် ဆက်စပ် ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ရေး အလုပ်ရုံ၊ ငွေမိုးကွန်ကရစ် စက်ရုံတို့ကို လှည့်လည်ကြည့်ရှု အားပေး ကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)