စစ်တွေ ဇွန် ၁၁

 

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ရခိုင် ပြည်နယ်အတွင်း အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြား လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်း များ၏ သား၊ သမီးများအား ပညာ သင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေ ဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပေးအ ပညာသင်နှစ် အတွက် စစ်တွေမြို့နယ်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီးစုစုပေါင်း ၁၃၉၀၊ ကျောက်ဖြူမြို့နယ်ရှိ တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီး ၄၄၅ ဦးနှင့် မာန်အောင်မြို့နယ်ရှိ တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သားသမီး ၄၃၁ ဦး၊ စုစုပေါင်း အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းတွင် ပညာသင်ကြား လျက်ရှိသော ဝန်ထမ်းများ၏ သား၊ သမီး ၂၂၆၆ ဦးတို့အား ပညာသင်ကြားရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ပညာသင် ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရခိုင်ပြည်နယ် အတွင်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ကြသည်။

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့ နယ်၊ မာန်အောင်မြို့နယ်များမှ ဝန်ထမ်းများ၏ သား၊ သမီးများ ပညာသင်ကြားရေးတွင်အထောက် အကူဖြစ်စေရန်အတွက် ပညာသင် ထောက်ပံ့စရိတ်အနေဖြင့် မူလ တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀၊ အထက်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၉၈၀၀၀၀၀ ကို ကို ထောက်ပံ့ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)