အစ္စတန်ဘူလ် ဇွန် ၁၁
ဆီးရီးယားလေကြောင်းလိုင်းသည် ၁၂ နှစ်ကြာ ရပ်နားထားသော တူကီယဲသို့ ပျံသန်းပြေးဆွဲသည့် ခရီးစဉ်ကို ပြန်လည်စတင်လိုက်ကြောင်း အစ္စတန်ဘူလ်လေကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ရုံးက ဇွန် ၁၁ ရက်တွင် ပြောသည်။
ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပထမဆုံး လေယာဉ်သည် ဇွန် ၁၀ ရက် ညနေပိုင်း က အစ္စတန်ဘူလ်လေဆိပ်သို့ ဆင်းသက်သည့်အခါ အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ ဒမတ်စကတ်မှ အစ္စတန်ဘူလ်သို့ ပျံသန်းပြေးဆွဲ သည့်ခရီးစဉ်မှာ တစ်ပတ်လျှင် ငါးရက်ရှိကြောင်း အဆိုပါရုံးက ဆင်ဟွာသို့ ပြောသည်။
ယနေ့လေကြောင်းခရီးစဉ်မှာ လမ်းကြောင်းသစ်တစ်ခု၏ အစသာမက ဆက်ဆံရေးပြန်လည်စတင် သည့် သင်္ကေတလည်းဖြစ်သည်ဟု အစ္စတန်ဘူလ်လေဆိပ်မှ ညွှန်ကြားရေးမှူး ဖီရက်အိုခါက ပြောသည်။ ယခုနှစ်အတွင်း ဆီးရီးယားလေကြောင်းလိုင်းကို အစ္စတန် ဘူလ်လေဆိပ်နှင့် လက်တွဲ သည့် ခြောက်ခုမြောက် မိတ်ဖက်လေကြောင်းလိုင်းအသစ် ဖြစ်လာစေခြင်းသည် ဒေသတွင်း ဆက်နွှယ်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါကုမ္ပဏီသည် ဒမတ်စကတ်နှင့် အစ္စတန်ဘူလ်ကြား ခရီးစဉ်ပျံသန်းပြေးဆွဲခြင်းကို ဆီးရီးယား၌ တိုက်ပွဲများကြောင့် ၁၂ နှစ်နီးပါး ရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ဆင်ဟွာ