နယူးယောက် ဇွန် ၁၁
ဂျန်နရယ်မော်တော်ကား(ဂျီအမ်)ကုမ္ပဏီသည် ထုတ်လုပ်မှုမြှင့်တင် ရန်အတွက် လာမည့်နှစ်နှစ်ကျော် ကာလအတွင်း အမေရိကန်ရှိ ၎င်း၏စက်ရုံများတွင် အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ကားအစိတ်အပိုင်းပစ္စည်းများအပေါ်တွင် အခွန် စည်းကြပ်မှု နောက်ထပ် ၂၅ ရာခိုင်နှုန်း တိုးကောက်ခဲ့သည့်အတွက် ဂျန်နရယ်မော်တော်ကား ကုမ္ပဏီသည် ပြည်တွင်း၌ ၎င်း၏ထုတ်လုပ်မှုကို တိုးချဲ့လျက်ရှိသည်။ မီချီဂန်၊ ကန်ဆက်နှင့် တန်နက်ဆီ ပြည်နယ်တို့ရှိ စက်ရုံများတွင် အဆိုပါငွေများကို ရင်းနှီးမြှုပ်နှံသွားမည်ဟု ကုမ္ပဏီက ဇွန် ၁၀ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါကြေညာချက်သည် ဂျီအမ်ကုမ္ပဏီ၏ လတ်တလောကတိကဝတ်များဖြစ်သော အမေ ရိကန် တွင် မော်တော်ယာဉ်များ ထုတ်လုပ်ခြင်းနှင့် အလုပ်အကိုင် များပံ့ပိုးပေးရန်ဟူသော အချက်များ ကို သက်သေပြနေခြင်းဖြစ်ကြောင်း ဂျီအမ်ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ မေရီဘာရာက ပြောသည်။ လွန်ခဲ့သည့်နှစ်အတွင်း ဂျီအမ်ကုမ္ပဏီက ပြည်တွင်း၌ပင် ကားအစီးရေ ၂ ဒသမ ၇ သန်းကို ရောင်းချခဲ့ကြောင်း ပြောသည်။
အဆိုပါ ရောင်းချခဲ့သည့် ကားများအနက် တစ်ဝက်မှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အင်န်အိတ်ချ်ကေ