မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဥယျာဉ်ခြံမြေသီးနှံတစ်မျိုးဖြစ်သော ငှက်ပျောသီး ကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

 

ငှက်ပျောမျိုးအနေဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို သားတက် တစ်ပင်လျှင် ငွေကျပ် ၃၀၀ ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ပင်ကြား တန်းကြား ခုနစ်ပေခန့်အကွာအဝေးဖြင့် တစ်ဧကလျှင် ငှက်ပျော သားတက်အပင် ၈၀၀ ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်ကျော်ခန့်အကြာတွင် ငှက်ပျောခိုင် များကို ခုတ်ယူရောင်းချရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် သိန်း ၂၀ ခန့် ကုန်ကျပြီး ငှက်ပျောခိုင် ၈၀၀ ခန့်၊ လှည်းအစီးရေအားဖြင့် ၂၀ ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ငှက်ပျောပွဲစားများက စိုက်ခင်းသို့လာရောက်ဝယ်ယူ၍ ပွဲစားများမှတစ်ဆင့် ရွှေသိမ်တော် ဘုရား၊ ကျောက်ဆည်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ငှက်ပျောပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များရရှိမည်ဖြစ်ကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)