ဖြူး ဇွန် ၁၂

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် ၁၅၁၀၅၃ ဧက လျာထားပြီး လျာထားစိုက်ဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိရာ ၄၉၉၀၉ ဧက စိုက်ပျိုးထားပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

 

မိုးစပါးအနေဖြင့် ဖြူးမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် အဓိကစိုက်ပျိုး သောမျိုးများဖြစ်သည့် ဆင်းသုခ ၁၀၂၈၀၄ ဧက၊ ရက် ၉၀ မျိုး ၂၂၅၇ ဧက၊ ရတနာတိုးဧက ၃၆၅၀၊ နှံကောက် ၃၂၇၃၄ ဧက၊ YSR-1 ၁၂၇၁ ဧက၊ YSR-14 ၃၁၂၆ ဧက၊ YMR- 20 ၅၂၁၁ ဧက စုစုပေါင်း ၁၅၁၀၅၃ ဧကစိုက်ပျိုးရန် လျာထား ပြီး စိုက်ပျိုးနည်းစနစ်များအရ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း၊တိုက်ရိုက် အစေ့ချ စိုက်ပျိုးနည်း၊ဘောင်စနစ်ဖြင့်စိုက်ပျိုးနည်း၊ ရိုးရိုးစိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးလေ့ရှိကြောင်းနှင့် လက်ရှိကာလအတွင်း ၄၉၉၀၉ ဧက စိုက်ပျိုးထားပြီကြောင်း သိရသည်။

 

ဖြူးမြို့နယ်အတွင်းယခင်နှစ် မိုးစပါဧက ၁၅၁၁၈၇ ဧက လျာထား စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်အတွက် လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တောင်သူများအား စိုက်နည်းစနစ်နှင့် မြေဆီမြေဩဇာ မှန်ကန်စွာ အသုံးပြုရန်၊ စပါးမျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုး၍ စပါးအထွက် နှုန်းကောင်းရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)