မန္တလေး ဇွန် ၁၂

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံ မြို့နယ်ရှိ အမှတ်(၁၆)၊ အမှတ်(၁၂)နှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းများ၊ မဟာ အောင်မြေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း(ခွဲ)၊ အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများ ၌ ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချမ်းအေးသာစံမြို့နယ် မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ် ကိုးထပ်ဆောင် ဘက်စုံသုံးခန်းမ၌ ကျင်းပသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်သည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သွေးလှူ ရှင် ၇၁ ဦးကို သွေးလှူဘဏ်တာဝန်ခံ ရောဂါဗေဒ ဆရာဝန်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာ ရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်၍ သွေးဖောက် လက်ခံနေမှုနှင့် သွေးလှူရှင်များက သွေးလှူဒါန်းနေ မှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအား အားဆေး၊ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်