နေပြည်တော် ဇွန် ၁၂

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် ၇၃ ရက်မြောက်အဖြစ် ဇွန် ၁၂ ရက်တွင် နေပြည်တော် အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည် ပါ (မနော သုခ - Export Quality) ၁၂ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ငါးအိတ်၊ စားအုန်းဆီပိဿာ ၃၄၀၊ ဆား ငါးပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၁၂ ထုပ်၊ ငါးပိတစ်ပိဿာ ၈၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ခုနစ်ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သား ပါ ငါးထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ကိုးထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ခုနစ် ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ငါးထုပ်၊ ကြက်ဥအလုံး ၁၈၀၊ ဘဲဥ ၃၅ လုံး၊ ခေါက်ဆွဲ ခြောက် ငါးထုပ်တို့ကို ရောင်းချပေးခဲ့သည်။

 

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် တို့ ပူးပေါင်းစီစဉ်မှုဖြင့် နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်း များနှင့် ပြည်သူများသို့ သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးလျက်ရှိရာ ဇွန် ၁၂ ရက် တွင် ကြက်သား (အကောင်) ၅၀၊ ကြက်ဥ အလုံး ၃၉၀၀၊ ဘဲဥအလုံး ၃၀၀၊ ငုံးဥအလုံး ၁၀၀၀ တို့ကို ရောင်းချပေးခဲ့သည်။

 

ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဇွန် ၁၂ ရက်တွင် ခရမ်း ချဉ်သီးပိဿာ ၁၁၀၊ အာလူး ၃၃၇ ပိဿာ၊ ဂေါ်ဖီထုပ် ၁၁၂ ထုပ်၊ ပန်းဂေါ်ဖီ ၁၁၅ ပွင့်၊ ချင်း ၁၈ ပိဿာ၊ ကြက်သွန်ဖြူပိဿာ ၁၅၀၊ ရွှေဖရုံ သီး/ကျောက်ဖရုံသီး ၇၅ ပိဿာ၊ ခရမ်းသီး ပိဿာ ၇၀၊ မုန်ညင်းဖြူ ၁၁၂ ပိဿာ၊ မုန်လာဥနီ ၇၇ ပိဿာ၊ ငရုတ်ပွ ၆၈ ပိဿာ၊ ဗိုလ်စားပဲ ၇၅ ပိဿာ၊ ဂေါ်ရခါးသီးပိဿာ ၇၀၊ ပြောင်းဖူး ၇၅ ပိဿာနှင့် လက်ဖက်ခြောက် ၂၂ ပိဿာ၊ ဂန္ဓမာ ပန်း ခုနစ်စည်းတို့ကို သက်သာသောဈေးနှုန်း များ ဖြင့် နေပြည်တော်အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

 

အလားတူ ဇွန် ၁၂ ရက်တွင် စစ်ကိုင်းမြို့ အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) လေးအိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား လေးပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ နှစ်ပိဿာ၊ ငါးနီတူခြောက် တစ်ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ သုံးထုပ်၊ ကြက်ဥ ၇၅ လုံး၊ ဘဲဥ အလုံး၂၀၊ ကြက်သွန်နီ ရှစ်ပိဿာနှင့် အသားတု နှစ်ပိဿာတို့ကို သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၅ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀၊ ဆား ငါးပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ခုနစ်ထုပ်၊ ငါးပိနှစ်ပိဿာ၊ ငါးနီတူ ခြောက် ၁၀ ကျပ်သား ကိုးထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား ခုနစ်ထုပ်၊ ကြက်ဥအလုံး ၁၅၀၀၊ ဘဲဥ ၆၀၈ လုံးနှင့် ခေါက်ဆွဲခြောက် ၄၅ ထုပ်တို့ကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

သတင်းစဉ်