အမ္မန်   ဇွန်   ၁၂

ဆေးကုသမှုခံယူရန်အတွက် ဂါဇာဒေသမှ ကလေး ၁၆  ဦးကို  ဇွန် ၁၁ ရက်က ဂျော်ဒန်တပ်မတော် ၏အကူအညီဖြင့် ဂျော်ဒန်နိုင်ငံရှိ ဆေးရုံသို့ ကယ်ထုတ်ခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ ကလေးငယ်များထဲတွင် ကင်ဆာရောဂါသည်လူနာ ၁၀ ဦး ပါဝင်ကြောင်း သိရသည်။ ကလေးငယ်များနှင့်အတူ မိသားစု ဝင် ၄၈  ဦး လိုက်ပါလာကြောင်း သိရသည်။   ကလေးလေးဦးကို တော်ဝင် ဂျော်ဒန်လေတပ် ရဟတ်ယာဉ်ဖြင့် တင်ဆောင်ခဲ့ရကြောင်းနှင့်  အဆိုပါ   ရဟတ်ယာဉ်ပေါ် တွင် ဆေးဘက်ဆိုင်ရာ   အဖွဲ့ဝင်များလည်း ပါဝင်သည်။

ကျန်ကလေး   ၁၂    ဦးကိုမူ လူနာတင်ယာဉ်ဖြင့်  ခေါ်ဆောင်လာခြင်းဖြစ်သည်။  ကလေးငယ်တစ်ဦး ကို ဆော်ဒီအာရေဗျသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး  အခြားကလေးများကို နောက်ထပ်ကုသမှု ခံယူရန် ယူအေအီးနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ဂျော်ဒန်ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ အဆိုပါ  ကယ်ဆယ်ရေးအစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း အမေရိကန်သို့ လာရောက်လည်ပတ်စဉ်အတွင်း  ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ  ၂  က ဆေးကုသမှုပေးနိုင်ရေး  ပါလက်စတိုင်း  ကလေးငယ် ၂၀၀၀ ကျော်အထိ  လက်ခံပေးရန်    အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ ‌ဂျော်ဒန်နိုင်ငံသည် မတ်လအတွင်းမှစတင်ကာ ကလေး စုစုပေါင်း   ၅၇  ဦးနှင့်  ဆွေမျိုးသားချင်း   ၁၁၃   ဦးကို ဂါဇာမှ ကယ်ထုတ်ခဲ့သည်။

ဆင်ဟွာ