ဇွန် ၁၃
အစ္စရေးနိုင်ငံက အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က ပြောကြားသည်။ နိုင်ငံတစ်ဝန်းလုံးကိုလည်း အရေးပေါ်အခြေအနေကြေညာခဲ့သည်ဟု ၎င်းကဆိုသည်။
မြို့တော် တီဟီရန်တွင် ယနေ့မနက် ဒေသစံတော်ချိန် ၃ နာရီ ၃၀ မိနစ်က ပေါက်ကွဲသံများကြားရကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနကပြောကြားသည်။ လေကြောင်းကာကွယ်ရေးစနစ်များလည်း အသက်ဝင် နေပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။
အဆိုပါပေါက်ကွဲမှုဖြစ်ပွားရသော အကြောင်းရင်းကို မသိရှိရသေးကြောင်း ထိုရုပ်သံလွှင့်ဌာနက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို