ဇွန် ၁၃
ဂျပန်နိုင်ငံ ကျိုတိုမြို့သို့ ၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွား ၁၀ ဒသမ ၈၈ သန်းကျော်ဖြင့် စံချိန်တင်ဝင်ရောက်မှုရှိရာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁၀ သန်းကျော်ရှိကြောင်း ဖော်ပြထားသည်။
ကျိုတိုမြို့သို့လာရောက်လည်ပတ်သောခရီးသွားဦးရေစုစုပေါင်း ၅၆ ဒသမ ၀၆ သန်းအထိရောက်ရှိပြီး ၂၀၁၅ ခုနှစ်ပြီးနောက် ခရီးသွားလာရောက်လည်ပတ်သူဦးရေ ဒုတိယအများဆုံးဖြစ်သည်ဟု ကျိုတိုအစိုးရအဖွဲ့က အချက်အလက်ဖော်ပြထားသည်။
နိုင်ငံခြားညအိပ်ဧည့်သည်အရေအတွက် ၈ ဒသမ ၂၁ သန်းရှိရာ ဂျပန်လူမျိုး ၈ ဒသမ ၀၉ သန်းနှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားခဲ့ပြီး ၁၉၅၈ ခုနှစ်စတင်ခဲ့သောမှတ်တမ်းများနောက်ပိုင်း နိုင်ငံခြားညအိပ်ဧည့်သည်အရေအတွက် များပြားမှု ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
ခရီးသွားအသုံးစရိတ်စုစုပေါင်း ယန်း ၁ ဒသမ ၉၀၇၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံခန့်)ရှိကြောင်း ဖော်ပြထားသည်။ တည်းခိုခဈေးနှုန်းများ မြင့်တက်လာခြင်းသည် ဂျပန်ခရီးသွားများအား နေ့ချင်းပြန်ခရီးသွားလာမှုကိုပိုမိုရွေးချယ်လာစေသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို