ဇွန် ၁၃

Air India လေကြောင်းလိုင်းမှခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့တွင် ထိုင်းနိုင်ငံဖူးခက်မှ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ဦးတည်ပျံသန်းစဉ် ဗုံးခြိမ်းခြောက်မှုကြောင့် ဖူးခက်လေဆိပ်သို့ ပြန်လှည့်ကာ အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ဖူးခက်လေဆိပ်ကပြောကြားသည်။

အဆိုပါAir India လေကြောင်းလိုင်း AI 379 တွင်  ခရီးသည် ၁၅၆ ဦး လိုက်ပါလာသည်ဟု သိရသည်။ ဖူးခက်လေဆိပ်မှလေယောဉ်ထွက်ခွာလာပြီးနောက် ဗုံးခွဲမည်ဆိုသည့် ခြိမ်းခြောက်စာကို လေယာဉ်မှူးက ရရှိခဲ့ပြီး အရေးပေါ်ဆင်းသက်ခွင့်တောင်းခဲ့ရာ ဖူးခက်လေဆိပ်တွင် ဗုံးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်ကို ကြိုတင်ပြင်ဆင်ခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုလေယာဉ်သည် ဘေးအန္တရာယ်ကင်းစွာဖြင့် ဖူးခက်လေဆိပ်သို့ဆင်းသက်နိုင်ခဲ့သည်ဟု လေဆိပ်တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို