ကယ်ဂါရီ ဇွန် ၁၇
ဂျီ-၇ အုပ်စုဝင် နိုင်ငံခေါင်းဆောင်များ၏ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေး ပထမနေ့ကို ကနေဒါ နိုင်ငံ အယ်လဗားတားပြည်နယ် ကန်နာနာ့ကစ်တောင်ပေါ် အပန်းဖြေစခန်းတွင် ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ်မာ့ဇ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာတို့သည် ဂျီ-၇ အုပ်စုဝင်ခေါင်းဆောင်များအကြား အရှေ့အလယ်ပိုင်းအရေးနှင့် ပတ်သက်ပြီး အများသဘောတူဆန္ဒတစ်ခုကို အပြီးသတ်ရရှိရန် မျှော်လင့်လျက်ရှိသည်။
အစည်းအဝေးတွင် အမေရိကန်သမ္မတ ထရမ့်နှင့် ကုန်သွယ်ရေးပြဿနာဆိုင်ရာများကို ဆွေးနွေး သွားမည်ဖြစ်ပြီး စောင့်ကြည့်လေ့လာသူများက ထရမ့်၏ ကုန်သွယ်ရေးဆိုင်ရာ သဘောထား ပျော့ပျောင်းလာမည်လားဆိုသည်ကို လေ့လာစောင့်ကြည့်လျက်ရှိသည်။
ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဦးစားပေးဆွေးနွေးသွားမည်ဖြစ်သည်။
အစည်းအဝေးကို မူလက ယခုသီတင်းပတ်ကုန်တွင် စတင်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်ရက်ကြာအစည်းအဝေးသို့ ပြောင်းလဲခဲ့ပြီး ဇွန် ၁၆ ရက်တွင် တရားဝင်ကျင်းပခဲ့သည်။
ဂျီ-၇ အဖွဲ့သည် ဥရောပသမဂ္ဂနှင့်အတူ ကမ္ဘာ့အဆင့်မြင့်စီးပွားရေး ခုနစ်နိုင်ငံဖြစ်သော ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်သည့် အလွတ်သဘောအဖွဲ့ ဖြစ်သည်။
ဆင်ဟွာ