တောင်ကြီး ဇွန် ၁၇
အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင် အမှိုက်များကို အကျိုးရှိအောင် ပြန်လည်အသုံးပြုနိုင်ရန်အတွက် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြား စွန့်ပစ်ရန် အသိပညာပေးသရုပ်ပြပွဲသမှုကို ဇွန် ၁၅ ရက် ညနပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က စွန့်ပစ်ပစ္စည်းအမှိုက်များ စီမံခန့်ခွဲမှုတွင် အမှိုက်များခွဲခြားစွန့်ပစ်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးက စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်ရန် အသိပညာဖြန့်ဝေပေးပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြို့တော်ခန်းမအပြင်ဘက်၌ စွန့်ပစ်ပစ္စည်း စနစ်တကျခွဲခြား စွန့်ပစ်ရန်အတွက် သရုပ်ပြသကာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များအား စွန့်ပစ်ပစ္စည်းစနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရန်အတွက် အသိပညာပေးခြင်းဆောင်ရွက်ပေးကြ ရန်မှာကြားသည်။
ထို့အတူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ စွန့်ပစ်ပစ္စည်းများ ခွဲခြား စွန့်ပစ်ရန် အသိပညာပေးသရုပ်ပြပွဲကို ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက တက်ရောက်အမှာ စကားပြောကြားပြီး ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအကြောင်း ရှင်းလင်းတင်ပြ၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက အမှိုက်များခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးသရုပ်ပြသခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)