ဒေးဒရဲ ဇွန် ၁၇

 

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင် အမှိုက်များအား အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံး အရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက် နံနက် ၁ဝ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ဇာနည်ထိုက်က အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်အမျိုးအစား စနစ်တကျခွဲခြားစွန့်ပစ်ရေးနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်းတို့ လက်တွေ့ သရုပ်ပြသပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အေဇာလင်း