ပုသိမ် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇွန် ၁၇ ရက် ညနေပိုင်းတွင် ပုသိမ်မြို့ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် အမှိုက်ခွဲခြား စွန့်ပစ်သည့်စနစ် အကောင် အထည်ဖော်ဆောင်ရွက်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးကျော်စွာဝင်းက ကျောင်းသား ကျောင်းသူများအား အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်စေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်နှင့် ပလတ်စတစ်အမှိုက်များကို အရောင်များခွဲခြား၍ စနစ်တကျ စွန့်ပစ်တတ်စေရေး၊ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရေး အသိပညာပေး ဟောပြောကာ ကျောင်းသားကျောင်းသူများက အမှိုက်ပုံးများအတွင်း လက်တွေ့ စွန့်ပစ်သရုပ်ပြခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)