ပန်းတောင်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းနှင့် အထက (ပန်းတောင်း) ကျောင်းတွင် ဇွန် ၁၆ ရက် နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်နိုင် စေရေး၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေး အမှိုက်များစနစ်တကျစွန့်ပစ်ကြရန် အမှိုက် အမျိုးအစား အလိုက် အမှိုက်ပုံး အရောင်သတ်မှတ်၍ခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြ လေ့ကျင့်ခြင်းပြုလုပ်သည်။
ဦးစွာ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေး က အမှိုက်စိုများဖြစ်သော မီးဖိုချောင် ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေး ပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော ခြောက်သွေ့သောစက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ဘေးအန္တရာယ်မရှိသော ပလတ်စတစ်သုံးပစ္စည်းများကို အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင် စွန့်ပစ်ရမည်ဖြစ်ကြောင်း အသိ ပညာပေး ပြောကြားသည်။
လပြည့်လင်း(ပြန်/ဆက်)