အောင်လံ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့ မြို့မဈေးကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးမျိုးဝင်းက သဘာဝပုံသဏ္ဌာန် အမျိုးမျိုးတို့ဖြင့် ထွက်ရှိလာသောပစ္စည်းများ လူတို့၌အသုံးပြုရန် မလိုအပ်တော့သဖြင့် စွန့်ပစ်သည့်အရာ မှန်သမျှကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ယခင်က အမှိုက်ခွဲခြားစွန့်ပစ်နိုင်မှုမရှိသေးဘဲ စုပေါင်းစွန့်ပစ်သည့် အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့က သိမ်းဆည်းစွန့်ပစ်နေရာမှ ယခုအချိန်မှစ၍ အမှိုက်ပုံးများကို အရောင်ခွဲခြားစွန့်ပစ်နိုင်ရေး အရောင်လေးမျိုး သတ်မှတ်၍ စွန့်ပစ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အောင်လံမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးမှ ဈေးသူ ဈေးသားများက အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)