နေပြည်တော် ဇွန် ၂၂
နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်လမ်း ဦးစီးဌာန၊ မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လယ်ဝေး - ပျဉ်းမနား မြို့ရှောင်လမ်းဘေးရှိ ကျေးရွာအုပ်စုများတွင် မိုးစပါးစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်သည် စိုင်ခေါင်းရိုးကျေးရွာ အုပ်စု ကွင်းအမှတ် ၁၇၂၇၊ အောင်းကုန်း ကျေးရွာအုပ်စု ကွင်းအမှတ် ၁၇၂၉ နှင့် ပိတောက်ချောင် ကျေးရွာအုပ်စု ကွင်းအမှတ် ၁၇၃၂ အတွင်းရှိ လယ်ယာစိုက်ပျိုးသီးနှံများ မိုးရာသီ၌ ရေကြီးနစ်မြုပ်မှု မဖြစ်စေရေး ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်ရေး၊ ချောင်းဇောက်ရိုးအတွင်း ရေဝင် ရေထွက် ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သရက်ကုန်း ကျေးရွာအုပ်စု တောင်နီကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆိုလာမီး၊ ဆိုလာမီးအိမ်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)