ရန်ကုန် ဇွန် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီက ကျင်းပ ပြုလုပ်သော “လူငယ်တို့၏ စွမ်းအားမှသည် ကျား၊ မ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးဆီသို့" ခေါင်းစဉ် ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း ကရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။

 

ဆက်လက်၍ ကျား၊ မ တန်းတူညီမျှရေးနှင့် လူ့အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကြည်သာဝင်းမြင့်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Gender Awa-reness with a focus on Gender Stereotypes ဉာဏ်စမ်းမေးခွန်းဖြေဆိုခြင်းများ ပြုလုပ်ခဲ့သည်။

 

ယင်းနောက် ဒေါ်အေးမြမြထွန်း (ပညာရေး အကြံပေး)က လူ့အခွင့်အရေးနိဒါန်းအား ဆွေးနွေး ဟောပြောခြင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး က လူငယ်များအတွက် လူ့အခွင့်အရေး အရေးပါပုံကို ဆွေးနွေးဟောပြောသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်သီတာခိုင်က ရေနှင့်ရေကို သုံးစွဲပုံအကြောင်း အသိပညာပေးပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဆွေးနွေးဟောပြောခဲ့ကြသည့်သူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ခရိုင်(ပြန်/ဆက်)