အဲဗာတန်အသင်းသည် ဖူလ်ဟမ်အသင်းမှ နယ်သာလန် ညာခံစစ်ကစားသမား ကင်နီတီတီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် နီးကပ်လာပြီ ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် တီတီသည် ယခုလအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သော်လည်း ဖူလ်ဟမ်အသင်းက ၎င်းကို အသင်းတွင် ဆက်လက်ထိန်းထားရန် ဆန္ဒရှိနေသည်။ နယ်သာလန်အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားထားသော တီတီသည် အဲဗာတန်အသင်းနှင့် သုံးနှစ် စာချုပ်ချုပ်ဆိုရန် သဘောတူခဲ့ကြောင်း သိရသည်။
အိုင်းယက်စ်နှင့် လိုင်ယွန်ကစားသမားဟောင်း တီတီသည် ဖူလ်ဟမ်အသင်းတွင် ငါးနှစ်ကြာ ဖြတ်သန်းခဲ့သော်လည်း စိန်ခေါ်မှုအသစ်များ ရင်ဆိုင်လိုသောကြောင့် အသင်းပြောင်းရွှေ့ကစားရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဲဗာတန်အသင်းသည် ပရီမီယာလိဂ်အဖွင့်ပွဲစဉ်တွင် ဘရိုက်တန်အသင်းနှင့် ဩဂုတ် ၁၆ ရက်တွင် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မိုးဇက် - စုစည်းရေးသားသည်