ဒမတ်စကတ်      ဇွန်     ၂၃

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ဇွန် ၂၂ ရက်က ဝတ်ပြုဆုတောင်း ပွဲကျင်းပနေစဉ် သေနတ်သမားများက  ပစ်ခတ်ခဲ့ပြီး အသေခံဗုံးခွဲခဲ့ရာ အနည်းဆုံး   ၂၂ ဦး သေဆုံးပြီး    ၆၃ ဦး   ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

Mar Elias (St. Elias) ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းပွဲကျင်းပနေစဉ်  အကြမ်းဖက်သမား များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး    အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သေဆုံးသူများတွင် ကလေးများနှင့်  အမျိုးသမီးများ ပါဝင်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က ပြောကြားသည်။

အမျိုးသားနှစ်ဦး ဘုရားရှိခိုးကျောင်းအတွင်းဝင်ရောက်လာကာ  သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံတွင် အိုင်အက်စ်အဖွဲ့ ထိန်းချုပ်ရာဒေသ များတွင် ခရစ်ယာန်ဘာသာဝင်များအပေါ် တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ