လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ဒုတိယပွဲစဉ် အဖြစ် ဇွန် ၂၃ ရက်နံနက်ပိုင်းက အယ်လ်အိန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်း က ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဂန်ဒိုဂန်က နှစ်ဂိုး၊ အက်ချီဗာရီက တစ်ဂိုး၊ ဟာလန်းက တစ်ဂိုး၊ အိုစကာဘော့က တစ်ဂိုးနဲ့ ချာကီက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အခုပွဲစဉ်မှာအနိုင်ရရှိခဲ့ပြီးနောက် အုပ်စုအဆင့် ဒုတိယပွဲစဉ်အပြီးမှာ ရမှတ် ခြောက်မှတ် ရရှိခဲ့ကာ အုပ်စုအဆင့် ပထမနေရာက ဂျူဗင်တပ်အသင်းနဲ့ ရမှတ်တူအနေအထား နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိထားပြီးဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါ တယ်။
ဇွန် ၂၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသောဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက ပါချူကာအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆဲလ်ဘတ်အသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ၁၆ သင်းအဆင့် တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိထားတဲ့ အသင်း လေးသင်းအထိ ရှိသွားခဲ့ပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း၊ ဖလာမန်းဂိုးအသင်း၊ ဂျူဗင်တပ်အသင်း နဲ့ မန်စီးတီးအသင်းတို့ပဲဖြစ်ပါတယ်။
ငွေကြယ်