နေပြည်တော် ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားသော မဟာစည်းခုံကြီးစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင် မွမ်းမံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဩဝါဒခံယူခြင်းကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ကြီး၏ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကြွရောက်တော်မူပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက သီတဂူ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သီတဂူဆရာတော်ဘုရားကြီးက ပရိတ်တရားတော်များ ချီးမြှင့်တော်မူသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက မဟာစည်းခုံကြီး စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းကိစ္စရပ်များကို လျှောက်ထားရှင်းလင်းပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။ ယင်းနောက် တိမ်းစောင်းသွားသော ထီးတော်ကြီး၊ ငှက်မြတ် နားတော်နှင့် နားတော်နှင့် စိန်ဖူးတော်တို့ကို စိန်ဖူးတော်တို့ကို ကရိန်းစက်ယန္တရား ကြီးဖြင့် ပြန်လည်တည်မတ်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သော မဟာစည်းခုံကြီးစေတီတော်မြတ်ကြီး၏ သာသနာ့ဗိမာန်အား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်