သည်ဟိတ်    ဇွန်    ၂၄

နေတိုးအဖွဲ့၏ နှစ်စဉ်ထိပ်သီးအစည်းအဝေးကို နယ်သာလန်နိုင်ငံ သည်ဟိတ်တွင် ဇွန် ၂၄ ရက်က  ကျင်းပခဲ့ပြီး  အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး ဂျီဒီပီ၏ ငါးရာခိုင်နှုန်းအထိ မြှင့်တင်ရန် သဘောတူခဲ့သည်။

အမေရိကန်က    အီရန်နိုင်ငံ၏   နျူကလီးယား  အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည့်အတွက်  အရှေ့အလယ်ပိုင်း၌ တင်းမာမှုများမြင့်တက်နေချိန်တွင်  အဆိုပါနှစ်ရက်ကြာ  နေတိုးထိပ်သီးအစည်း  အဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

နယ်သာလန်အစိုးရသည် F-35 တိုက်လေယာဉ် များနှင့်   Patriot   ဒုံးကျည်စနစ်များ   အပါအဝင် ဘက်ပေါင်းစုံ ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ချထားခဲ့သည်။ ထိုသို့ချထားခြင်းက နေတိုး ထိပ်သီး အစည်းအဝေးကျင်းပသည့်နေရာကို ဘေးကင်းစိတ်ချသည့် နေရာဖြစ်စေခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၃၅ ခုနှစ် မတိုင်မီ    ကာကွယ်‌ရေးအသုံးစရိတ်ကို    ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး ဂျီဒီပီ၏ ငါးရာခိုင်နှုန်းအထိမြှင့်တင်ရန် နေတိုးအထွေထွေအတွင်းရေး မှူးချုပ် မာ့ခ်ရုသ်က ပဏာမဆွေးနွေးပွဲများတွင် အဆိုပြုခဲ့သည်။ အဆိုပါမျှော်မှန်းချက်တွင် ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကို အဓိကကာကွယ်ရေးအသုံးစရိတ်များအတွက် သုံးစွဲပြီး အခြေခံအဆောက် အအုံ စီမံကိန်းကဲ့သို့သော ကာကွယ်ရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများတွင်  ၁  ဒသမ  ၅  ရာခိုင်နှုန်း  သုံးစွဲရန် ပါဝင်သည်။

ဥရောပအရှေ့ပိုင်းနိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရေးကို သဘောတူထောက်ခံ ခဲ့သော်လည်း  သဘောမတူသည့်  အဖွဲ့ဝင်နိုင်ငံများလည်း အနည်းငယ်ရှိသေးသည်။

အဆိုပါ   ထိပ်သီးဆွေးနွေးပွဲတွင်   အီရန်နိုင်ငံအပေါ် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ် လာသည့်    ဆိုးကျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်လည်း  မျှော်လင့်ထားသည်။  ထိုသို့တိုက်ခိုက်ခြင်း ကြောင့် အမေရိကန်သည်  နိုင်ငံတကာ၏  ဝေဖန်ရှုတ်ချမှုများကို ခံခဲ့ရသည်။                    

ဆင်ဟွာ