ပူထရာဂျာရာ ဇွန် ၂၄
ဆိုက်ဘာရာဇဝတ်မှုအန္တရာယ်များကို တန်ပြန်တိုက်ဖျက်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များအကြား ပိုမိုအားကောင်းသည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု လိုအပ် ကြောင်း၊ ဆိုက်ဘာရာဇဝတ်မှုအန္တရာယ်များသည် အလေးအနက်ကိုင်တွယ်ဖြေရှင်းရမည့် စိန်ခေါ် မှုဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင်နာ ဆူရှန်အစ္စမေးလ်က ဇွန် ၂၄ ရက်တွင် ပြောကြားသည်။
ရာဇဝတ်ပြစ်မှုကျူးလွန်သည့် ကွန်ရက်များသည် နည်းပညာကို လျင်မြန်စွာအသုံးချနိုင်ခြင်းနှင့် ဆိုက်ဘာရာဇဝတ်မှု၏ ရှုပ်ထွေးသော သဘောသဘာဝများ တိုးတက်များပြားလာခြင်းတို့ကြောင့် ၎င်းတို့ကို အရေးတယူကိုင်တွယ်ဖြေရှင်းနိုင်ရန် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဖြေရှင်းသွားရန် လိုကြောင်း ဆိုင်ဖူဒင်က (၂၅)ကြိမ်မြောက် အာဆီယံနိုင်ငံ ဖြတ်ကျော်မှုခင်းဆိုင်ရာ အကြီးတန်း အရာရှိများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဆိုက်ဘာရာဇဝတ်မှု၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်း၊ ငွေကြေးလိမ်လည်မှုများမှသည် ransomware တိုက်ခိုက်မှုအထိ အရာအားလုံးသည် အနာဂတ်ပြဿနာ တစ်ခုမျှသာ မဟုတ် ကြောင်းနှင့် ၎င်းတို့သည် ယခုအချိန်တွင် အရေးကြီးသော ပြဿနာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မိမိတို့၏ ဒစ်ဂျစ်တယ်ကာကွယ်ရေးများသည် နည်းပညာများကဲ့သို့ လျင်မြန်စွာဖွံ့ဖြိုးတိုးတက် နေရန် လိုအပ်သည်ဟု ဆိုင်ဖူဒင်က ထပ်မံပြောကြားခဲ့သည်။
ဆင်ဟွာ