ရန်ကုန်   ဇွန်   ၂၄

အားကစားနှင့်    လူငယ်ရေးရာဝန်ကြီးဌာန၏    ဦးဆောင်မှုဖြင့် အိုလံပစ်‌နေ့   အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို   ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ    နပန်းအားကစားအဖွဲ့ချုပ်မှ ပြိုင်ပွဲကို ယနေ့နံနက်က  ရန်ကုန်မြို့ တာမွေမြို့နယ်    အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံ ကွင်းရှိ  နပန်းအားကစား လေ့ကျင့်ရေးရုံ၌ ကျင်းပရာ အားကစားနှင့်    လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊    ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်၊ မြန်မာနိုင်ငံနပန်းအားကစားအဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ   ဒေါက်တာ အောင်ကျော်ဆန်း၊      ရန်ကုန်တိုင်း နပန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးအာကာလွင်မောင်၊ ဒုတိယဥက္ကဋ္ဌ     ဦးဇော်မင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဆက်လက်၍  အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် နပန်းအားကစားပြိုင်ပွဲ ယှဉ်ပြိုင် ကစားနေမှုတို့ကို  ကြည့်ရှုအားပေးပြီး   ဆုရရှိသူများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ    ညွှန်ကြားရေးမှူးများ၊  မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး   နပန်း ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။

အောင်နိုင်ဝင်း(အား/ကာ)