ဖနောင်ပင်     ဇွန်     ၂၄

ကမ္ဘောဒီးယားနိုင်ငံသို့   ယခုနှစ်   ပထမငါးလအတွင်း  လေကြောင်းခရီးသည်  ၃ ဒသမ ၀၄ သန်း ဝင်ရောက်ခဲ့ပြီး  ခရီးသည်ဝင်ရောက်မှု ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း   မြို့ပြလေကြောင်း   ဌာန တာဝန်ရှိသူ ဆင်ချန်ဆရီဗူသာက ဇွန် ၂၄ ရက်တွင် ပြောကြားသည်။

ယင်းကာလအတွင်း      ပြည်တွင်းနှင့်    ပြည်ပလေကြောင်းလိုင်းများသည်  နိုင်ငံ၏  အပြည်ပြည် ဆိုင်ရာလေဆိပ်များသို့ နိုင်ငံတကာနှင့် ပြည်တွင်းခရီးစဉ် ၂၇၆၇၀ ကို ပြေးဆွဲခဲ့ကြောင်းနှင့် ၎င်းအရေ အတွက်သည်  ယမန်နှစ်  အလားတူကာလကထက် ၁၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရ သည်။ ယခု နှစ်အတွင်း   လေကြောင်းခရီးသည်အရေအတွက် ၇ ဒသမ ၅ သန်း  လာရောက်စေရေး ရည်မှန်းချက်ထား ရှိဆောင်ရွက်နေကြောင်း  ၎င်းက  ပြောကြားသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည့် ဆီရမ်ယိအန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ယခုနှစ် စက်တင်ဘာလတွင် လုပ်ငန်းစတင်ဆောင်ရွက်မည့် တက်ချိုအပြည်ပြည်ဆိုင်ရာလေဆိပ်များမှ တစ်ဆင့် နိုင်ငံတကာခရီးသည်များကို ဆွဲဆောင်နိုင်မည်ဟုယုံကြည်ကြောင်း ၎င်းကပြောကြား သည်။ ယင်းလေဆိပ်များသည် နိုင်ငံတကာမှ လေယာဉ်များပျံသန်းပြေးဆွဲရန် အဆင့်မြင့် တည်ဆောက်ထားသဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများအားကမ္ဘောဒီးယားနိုင်ငံသို့   တိုက်ရိုက် ခရီးစဉ်များ   ပြေးဆွဲရန် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း   ၎င်းက   ပြောကြားသည်။   

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ