ဂျကာတာ ဇွန် ၂၄
အင်ဒိုနီးရှားအစိုးရသည် နိုင်ငံရှိ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက် ရေးအတွက် နိုင်ငံအတွင်းရှိကျွန်းများတွင် သတ္တုတူးဖော်သည့်လုပ်ငန်းများကို လုပ်ငန်းဆောင်ရွက် ခြင်းမှ တားမြစ်ခဲ့ကြောင်း ပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကမ်းရိုးတန်းများ၏ ဂေဟစနစ်ကာကွယ်စောင့်ရှောက်ရေးအတွက် တင်းကျပ်သည့်စည်းမျဉ်း များကို ချမှတ်ဆောင်ရွက်နေကြောင်း ပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိ သူ ဟန်ဒေရာယူဆရန်ဆယီက ပြောကြားသည်။ နိုင်ငံ၏ ကျွန်းများအတွင်းရှိ သတ်မှတ်ဒေသများ၏ ၃၀ ရာခိုင်နှုန်းကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ ကျွန်းများမှ သဘာဝသယံဇာတများကို သုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင် တည်တံ့ ရေးကို စဉ်းစားဆောင်ရွက်ရမည်ဟူသည့် အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ အာမက် အာရက်က ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ