ဝါရှင်တန်   ဇွန်   ၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က   အစ္စရေးနှင့် အီရန်တို့ကြား  အပစ်အခတ်ရပ်စဲရေးအလား အလာမှာ အလွန်ကောင်းမွန်ကြောင်း  ပြောကြားလိုက်သည်။ နယ်သာလန်နိုင်ငံ   သည်ဟိတ်မြို့တွင် နေတိုးထိပ်သီးအစည်းအဝေးတက်ရောက်နေသည့် မစ္စတာထရမ့်က  ဇွန်  ၂၅ ရက်တွင်  သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အီရန်နျူကလီးယားနေရာများကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်ခဲ့မှုနှင့်စပ်လျဉ်း၍  မီဒီယာ များက မစ္စတာထရမ့်ကို  မေးမြန်းခဲ့သည်။   အဆိုပါ လေကြောင်းတိုက်ခိုက်မှုက    အီရန်၏    ပင်မ နျူကလီးယားအစီအစဉ်ကို မဖျက်ဆီးနိုင်ခဲ့ကြောင်း၊ နျူကလီးယားဖော်ဆောင်မှုကို    လအနည်းငယ် လောက်သာ နှောင့်နှေးကြန့်ကြာနိုင်ဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီ၏  သုံးသပ်ချက်အရ သိရသည်။

အမေရိကန်၏   တိုက်ခိုက်မှုကြောင့်   အီရန်၏ နျူကလီးယားအစီအစဉ်  ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ ကြောင်း  ထရမ့်က  ပြန်လည်ချေပပြောကြားခဲ့သည်။   အီရန်၏  နျူကလီးယားအစီအစဉ်မှာ  ဆယ်စုနှစ်များစွာ   နှောင့်နှေးကြန့်ကြာသွားပြီဖြစ်ကြောင်း မစ္စတာထရမ့်က   ပြောသည်။  ထို့အပြင်   ထရမ့်က အဆိုပါတိုက်ခိုက်မှုက   စစ်ပွဲကို   အဆုံးသတ်စေခဲ့ကြောင်း၊ ဟီရိုရှီးမားနှင့်  နာဂါဆာကီ တို့ကို ဥပမာအနေဖြင့် မသုံးလိုသော်လည်း  တိုက်ခိုက်မှုက  ပဋိပက္ခဖြစ်ပွားမှုကို တစ်ကြိမ်တည်း အဆုံးသတ်စေနိုင်သည့် အကျိုးသက်ရောက်မှုမျိုးရရှိခဲ့ကြောင်း  ထပ်လောင်းပြောကြားသည်။ အစ္စရေးနှင့်အီရန်      နှစ်နိုင်ငံကြား    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ပတ်သက်၍  သဘော တူညီမှု ရရှိခဲ့ကြောင်း   ထရမ့်က  ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။   

အင်န်အိတ်ချ်ကေ